images
UN
လွတ်လပ် တက်ကြွ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒသာဖြစ်သင့်
| Wednesday, 09 October 2019
မြန်မာနိုင်ငံနှင့်ပတ်သက်လျှင် စစ်ရေးမဟာဗျူဟာအိပ်မက်အသီးသီး ပျက် ပြယ်ခဲ့ဖူးသော နယ်ချဲ့နိုင်ငံကြီးသည် ရှေးမဆွကပင် တပ်မတော်အပေါ် အငြိုး ဖွဲ့ထားခဲ့ဟန်ရှိသည်။
၂ဝ၁၇ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဘင်္ဂါလီအကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် ယနေ့အာဏာရအစိုးရ ကိုင်တွယ်ပုံလျော့ရဲ သောကြောင့် ¤င်းနိုင်ငံကြီးအကြိုက် ကျူးကျော်ခွင့်ထပ်မံဖန်တီးလာလေသည်။ ၁၉၆၂ မြန်မာနိုင်ငံအစိတ်အပိုင်းဖဲ့ထုတ်ရေး၊ အစီအမံဟောင်းကို ပွဲထုတ်ကြံစည် လာပြန်သည့် လက်တွေ့လုပ်ငန်းများကို တွေ့ရသည်။
¤င်းနိုင်ငံကြီး၏ အောက်လွှတ်တော်အမတ်၊ အာရှ-ပစိဖိတ်ရေးရာဆပ်ကော် မတီဥက္ကဋ္ဌကိုယ်တိုင်က ''ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ(¤င်းတို့အသုံး) အခွင့်အရေးကို မြန်မာအစိုးရဘက်က အကာအကွယ်မပေးနိုင်ဘူးဆိုလျှင် အဲဒီ နယ်မြေကို ဘင်္ဂလားဒေ့ရှ်ကို လွှဲပေးဖို့သင့်တယ်''ဟု စကားရိပ်သန်းခြင်းမှာ တည်ဆဲအစိုးရကိုပါအရာမသွင်း မလေးမစားလုပ်လိုက်ခြင်းဖြစ်သည်။ကျူးကျော် တပ်များဝင်နိုင်ရေး လမ်းခင်းပေးချင်
သည့်သဘောလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားမှုတစ်ရပ်ဖြစ်သည်။ ¤င်းတို့သည် ၁၉၈၈ အရေးအခင်းကာလတုန်းကလည်း မြန်မာ့ပင်လယ်ပြင်ထဲသို့ စစ်သင်္ဘော အုပ်စုတစ်စု လွှတ်လိုက်ပါသေးသည်။
ထိုနိုင်ငံကြီးက သူ၏စစ်တပ် သို့မဟုတ် သူ့သြဇာခံတပ်တစ်ခုခုကို မြန်မာ နိုင်ငံ ရခိုင်ဒေသထဲ ဝင်ရောက်ခြေကုပ်ယူတပ်စွဲ၊ အခြေချဖို့ကြိုးစားနေကြောင်း သတင်းအချက်အလက်ပေါင်းစုံက ညွှန်ပြနေပေသည်။ ပုဂ္ဂိုလ်ရေးနှင့် အနောက် အထင်ကြီးဝါဒ မှိုင်းမိနေလျှင်မူ 'ဂူ'ကို မမြင်သော မျက်ကန်းပမာနှယ်ဖြစ်ချေမည်။ မြန်မာနိုင်ငံအား သွေးများ၊ မျက်ရည်များ၊ သင်္ချိုင်းဂူများဖန်တီးမည့်အသွင်ကို ပညာရှိသူက တွေးမြင်ကြိုသိပြီးဖြစ်သည်။ ပညာမရှိသူမှာ မြူလည်းမမြင် ဂူလည်း မမြင်ဖြစ်မည်။
ကမ္ဘာ့အင်အားကြီးနယ်ချဲ့နိုင်ငံကြီးသည် ကမ္ဘာ့တိုက်ကြီးများအလိုက် ဗျူဟာ ချ၍ မြန်မာ့ရှေ့မြောက်ဘက်နိုင်ငံကြီးကိုလည်း ဝိုင်းပတ်၊ ပိတ်ဆို့ချင်သည်မှာ ကြာပြီဖြစ်သည်။ ထင်ရှားသောဖြစ်ရပ်မှန်မှာ ၁၉၅ဝ တရုတ်ဖြူကျူးကျော်မှုကို ပြန်ကြည့်သင့်သည်။ ထိုနိုင်ငံကြီးက နောက်ကွယ်မှကြိုးကိုင်မြှောက်ပေးရုံမက ¤င်း၏လေတပ်လေယာဉ်ကြီးများဖြင့် လက်နက်ခဲယမ်းများကို မြန်မာပြည်တွင်း ရောက် တရုတ်ဖြူတပ်များထံ လာချပေးသည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးကိုပါ စစ်မီးမွှေးချင်သည့်သဘောထင်ရှားသည်။ ထိုစဉ်က မြန်မာ့တပ်မတော်သည် တစ်ဖက်မှာ ရောင်စုံသူပုန်များနှင့် ရင်ဆိုင်တိုက်ခိုက်နေရ၏။ မူဂျာဟစ်အကြမ်း ဖက်အုပ်စုကိုလည်း ယခုခေတ်လိုပင် နှိမ်နင်းနေရသည်ဖြစ်၏။ နောက်ထပ်ပေါ် လာသော တရုတ်ဖြူတပ်များကိုလည်း ၁၉၅၃ မှ ၁၉၆၁တိုင် ပြင်းပြင်းထန်ထန် တွန်းလှန်ခဲ့ရသည်။ ထိုကျူးကျော်သူနိုင်ငံကြီး၏ စစ်လေယာဉ်ကြီးတစ်စင်းကိုပင် မြန်မာ့လေတပ်ကပစ်ချခဲ့ရသည်။ သူရဲကောင်းဗိုလ်ပီတာ ကျဆုံးခဲ့ရသည်။
၁၉၆၂ တွင် ဖက်ဒရယ်အကြောင်းပြ၍
ထိုနယ်ချဲ့က ဆရာကြီးလုပ် သောကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ရာတွင် တပ်မတော်က ဝင်ထိန်းခဲ့ရသည်။
ယခုအာဏာရပါတီအစိုးရသည် နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားအကြံပေးများ ကို မျက်နှာသာပေးခဲ့ရာ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ဥှုဃ) နှင့် ¤င်း၏လက်ကိုင်တုတ် ကုလသမဂ္ဂအဖွဲ့အစည်းများ စုပြုံဝင်လာခြင်းက မြန်မာ့ပစ္စုပ္ပန်နှင့်အနာဂတ်ကို ခြောက်လှန့်နေပေသည်။
ဒုက္ခသည်မဟာမင်းကြီးရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံး၊ ကိုဖီအာနန်လက် ဖြစ်ျွ၂ဏ တို့သည် ထင်ရှားသော နယ်ချဲ့အင်အားစုများအဖြစ် ကပြအသုံးတော် ခံကြသော လုပ်ရပ်များဖြစ်သည်။
¤င်းတို့ပါဝင်ပတ်သက်ခဲ့သော ကမ္ဘာ့နိုင်ငံများအားလုံး ဖွတ်ဖွတ်ညက်ညက် ကြေပြီး လူသေကောင်များ တောင်ပုံရာပုံနှင့်ငရဲမီးလောင်ခဲ့ကြောင်း နိုင်ငံတကာ သတင်းများထဲမှာ တွေ့နေရဆဲဖြစ်သည်။ ထိုအကြောင်းအရာများကို ကြိုတင် တွေးဆနိုင်သောအစဉ်အဆက်မြန်မာ့ခေါင်းဆောင်ကြီးများသည် မည်သည့်နိုင်ငံကြီး၏ နောက်လိုက်အုပ်စုဝင်မျှမလုပ်ဘဲ လွတ်လပ်၍ တက်ြ<ွကပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုသာ ချမှတ်ကျင့်သုံးခဲ့သည်မှာ စံနမူနာယူသင့်သောကိစ္စ ဖြစ်သည်။
ထိုကြောင့် ယနေ့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာလည်း အစဉ်အလာဟောင်း နာမည်ကောင်းရခဲ့သော လွတ်လပ်၍တက်ြ<ွကပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒသာလျှင်ဖြစ်သင့်ကြောင်း ရေးသားလိုက်ရပါသည်။
UN
UN