images
UN
ကိုယ်ကျိုးစီးပွား ပါတီနိုင်ငံရေးအတွက် ပြည်သူကိုခုတုံးမလုပ်သင့်
| Tuesday, 15 October 2019

နိုင်ငံတော်နှင့်ပြည်သူတို့၏ စားဝတ်နေရေး အခြေခံသည် စီးပွားရေး ဖြစ်ပါသည်။ စီးပွားရေးသည် နေ့စဉ်တိုင်းတာဆုံးဖြတ်ကြရာတွင် ငွေကြေး ကိုအခြေခံထားခြင်းဖြစ်သည်။ ပြည်သူ၏ဝန်းကျင်တွင် ငွေကြေးက အဓိကဖြစ် နေသည်။ ယနေ့ငွေကြေးမှာ ပြည်သူတစ်ရပ်လုံးအားကိုးမရဘဲ ဖောင်းပွမှု အတိုင်းအတာကျွံလာသည့်သဘောဖြစ်နေသဖြင့် ကုန်ဈေးနှုန်းများမြင့်တက် လာသည်။ ထို့ကြောင့် ငွေကြေးဖောင်းပွလျှင် ကုန်ဈေးနှုန်းမြင့်မားလာခြင်း၏ တိုက်ရိုက်အချိုးမှ နိုင်ငံနှင့်ပြည်သူများ ဆင်းရဲတွင်းကို နက်စေပါသည်။
၂ဝ၁၉ခုနှစ် သြဂုတ်လတွင် ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်းက ၂ဝ၁၈ ခုနှစ် ဧပြီလမှစ၍ ၂ဝ၁၉ ခုနှစ် သြဂုတ်လအထိ ၁၇ လဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဗဟိုစာရင်းအင်းအဖွဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂ဝ၁၉ ခုနှစ်တွင် သြဂုတ်လသည် ဇူလိုင်လထက်မြင့်တက်ခဲ့ကြောင်း၊ စားသုံးသူ ဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေကို စာရင်းဇယားနှင့်တကွ ဖော်ပြခဲ့သည်။ ၂ဝ၁၂ခုနှစ် စတင်တွက်ချက်ကြည့်လျှင် နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်းသည်(Year on Year Inflation) ၁ဝ ဒသမ ၃၇ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။ တစ်နိုင်ငံလုံးမြို့နယ်ပေါင်း ၈၂မြို့နယ်၊ နမူနာအိမ်ထောင်စု ပေါင်း ၃၂၆၆၉ စုကို စစ်တမ်းကောက်ယူထားခြင်းဟုလည်း သိရသည်။

ဘောဂဗေဒအလိုအရ ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေးမူဝါဒများ ပြုပြင်ပြောင်းလဲ ရေးအမြန်လုပ်ပြီး ဆောင်ရွက်သွားသင့်ကြောင်း တတ်သိပညာရှင်တို့က အကြံပြု ထားသည်။
နိုင်ငံ၏ အတိတ်သမိုင်းတွင်လည်း တောင်သူလယ်သမားများကို ရှေ့တန်း တင်ြေ<ွကးကြော်ပြီး အမှန်တကယ် လက်တွေ့တွင် တောင်သူလယ်သမား များကို ခုတုံးလုပ် အမြတ်ထုတ်သွားသော နိုင်ငံရေးသမား အကြောင်းကို မီဒီယာများသို့ ရည်ညွှန်းရေးသားထားသော ''ငဘ'' ဝတ္ထုဆိုတာ ရှိသည်။ ၄င်းဝတ္ထုသည် ပြည်တွင်းမှသာမက ပြည်ပတွင် ကျော်ကြား၍ နှစ်သက်သည့် နိုင်ငံများက ဘာသာပြန်ထုတ်ဝေခြင်းများရှိခဲ့သည်။
ယနေ့နိုင်ငံရေးပါတီများ သူနိုင်ကိုယ်နိုင်ကြိုးစားပြီး ပြည်သူထံမှ ပြည်သူ့ အာဏာကို ရွေးကောက်ပွဲစနစ်ဖြင့် တောင်းခံနေကြသည်။ ၄င်းကို ပြည်သူ အများက နိုင်နိုင်နင်းနင်းဖြင့် တာဝန်ပေးနိုင်ဖို့လိုပါသည်။ တစ်နည်းအားဖြင့် ပြည်သူ အနိုင်ရထားဖို့လိုသည်။ ပြည်သူအတွက် တာဝန်မကျေသူကို ပြည်သူ က ပြန်လည်ရုပ်သိမ်းနိုင်ရမည်ဖြစ်သည်။
အခြားသောအကြောင်းတစ်ခုမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)စီမံကိန်း အချို့ကို ဒေသခံပြည်သူများက မည်မျှပင်ကန့်ကွက်သော်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကအတည်ပြုပြီးဖြစ်သဖြင့် မည်သို့မျှမတတ် နိုင်ကြောင်း သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က မှတ်ချက် ပြုသံကို အောက်တိုဘာ ၁၂ ရက်ထုတ် သတင်းစာများတွင် တွေ့ရပြန်သည်။
မွန်ပြည်နယ်တံတားအမည်ကိစ္စ၊ ကယားပြည်နယ်ဗိုလ်ချုပ်ရုပ်တုကိစ္စ၊ အလားတူကရင်၊ ကချင်၊ ချင်းပြည်နယ်များမှ ဖြစ်ရပ်မှန်များသည် ပြည်သူများ ကို အာဏာရနိုင်ငံရေးသမားနှင့် အစိုးရကမည်သို့သဘောထားသနည်းမေးခွန်း ထုတ်စရာဖြစ်သည်။
နိုင်ငံရေးအရ နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနေသော တာဝန်ရှိသူတို့ သည် ပြည်သူ ပြည်သူဟုြေ<ွကးကြော်တတ်ကြသော်လည်း၊ ပြည်သူကို လက်တွေ့အလုပ်အကျွေးပြုရာ၌ များစွာအားနည်းနေတတ်ပြီး အခြေအနေ အရပ်ရပ်သည် နှောင့်နှေးကြန့်ကြာနေကြောင်း မီဒီယာများမှာ ရေးသားနေ ကြသည်။
ထို့ကြောင့် အခြေအနေကိုတစ်ဆင့်တက်ပြီး အားထည့်၍ရုန်းကန်ကြ ဖို့လိုပါသည်။ ပြည်သူ့တို့ဘဝ နိမ့်ကျသထက်နိမ့်ကျမသွားအောင်၊ ဆွဲထား ဆွဲတင်လုပ်ကြရပါမည်။ ပြည်သူဟုြေ<ွကးကြော်ပြီး ပြည်သူကို အတ္တကိုယ် ကျိုးစီးပွား ပါတီနိုင်ငံရေးအတွက် ခုတုံးမလုပ်သင့်ဘဲ ပြည်သူ့အကျိုး၊ အမျိုးသား အကျိုးစီးပွားရှေးရှုသည့်နိုင်ငံရေးသာ လုပ်ဆောင်သင့်ကြောင်း ရေးသားလိုက် ရပါသည်။
UN
UN