images
UN
စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှု ဒဏ်ခံနေရသည့် ပြည်သူများဘဝ လွတ်မြောက်ရေး
| Tuesday, 05 November 2019

်ပြည်သူတို့၏စားဝတ်နေရေးသည်ပင် နိုင်ငံရေးဖြစ်သည်ဟုဆိုကြပါသည်။ ယခု ပြည်သူ့ဘဝထဲတွင် စားဝတ်နေရေးအတွက် လုပ်ရကိုင်ရမှုမလွယ်ကူခြင်း အပါအဝင် ငွေကြေးဖောင်းပွမှုကလည်း မြင့်တက်နေသည်။ ထို့ကြောင့် ပြည်သူမှာ ကြောက်မက်ဖွယ်အခြေအနေဆိုးကို ရင်ဆိုင်နေရသည်။ ထိုအခါ နိုင်ငံ့စီးပွားရေးအခြေအနေနှင့် နိုင်ငံရေးအခြေအနေမကောင်းဟု ဝေဖန်မှုများ ရှိလာသည်။
နိုဝင်ဘာ ၁ ရက် မြို့လယ်ဟိုတယ်တစ်ခုတွင် ပြုလုပ်သည့်ီDoing Business 2020 and way Forward အခမ်းအနား၌ မြန်မာနိုင်ငံသည် နယ်ပယ်ငါးခုတွင် စီးပွားရေးလုပ်ရကိုင်ရလွယ်ကူမှုရှိလာပြီ ဆိုနိုင်သော်လည်း ပြုပြင်ပြောင်းလဲမှုလုပ်ဖို့များစွာ ရှိနေသေးကြောင်းလည်း ထောက်ပြလိုက်သည်။ ၂ဝ၂ဝ သို့ညွှန်းကိန်းတွင် ပြည်ပကုန်သွယ်မှုဆောင်ရွက်ခြင်းကဏ္ဍ၌ ယခင် အတိုင်းပင်သတ်မှတ် အောင်မှတ်မရသေးဘဲ သတ်မှတ်နှုန်းအောက်ကျမြဲကျ လျက်ရှိကြောင်း ထိုပွဲက သုံးသပ်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၅၃ ရာခိုင်နှုန်း ဖြစ်နေရာ ငွေစုဘဏ်အတိုးနှုန်း ၈ ဒသမ ၅ ထက်ပင်များနေကြောင်း ဝေဖန်သံများထွက်လာသည်။ အဓိပ္ပာယ်မှာ ဘဏ်မှာငွေအပ်ထားလျှင် ရရှိလာမည့်အတိုးထက် ငွေဖောင်းပွမှုက များနေသောကြောင့် ရရှိသော အတိုးနှုန်းသည် အရှုံးပေါ်နေသည့် အခြေအနေဖြစ်သည်။
ကာလတူ မနှစ်ကထက် ၁ဝ ဒသမ ၃၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ကိန်းဂဏန်းများအရ သိရသည်။ မြန်မာ့စီးပွားရေးက ရေရှည်တွင် မျှော်လင့်ချက်ထား၍ရသော်လည်း လောလောဆယ်ရေတိုမှာ အရှိန် ပျက်သွားပြီဟု သတိပေးသံလည်း ကြားရသည်။ ငွေကြေးဖောင်းပွမှုက ဆက် ပြီး မြင့်တက်လာမည်ဟု ဆိုနေကြပြီး အာဆီယံနိုင်ငံများတွင် ငွေကြေး ဖောင်းပွမှုအမြင့်ဆုံးမှာ မြန်မာနိုင်ငံဟု သိရသည်။
အကြောင်းရင်းရှာသူများက အစိုးရဝန်ထမ်းများကို လစာတိုးပေးခြင်း၊ ယင်းမှကုန်ဈေးနှုန်းကမြင့်တက်သွားခြင်း၊ လစာကလိုက်မမီခြင်း၊ လိုက်မီ အောင်လုပ်လျှင် ငွေရိုက်သည့်စက်ပဲ ပျက်သွားမည်ဟု ဘဏ္ဍာရေးဒုတိယ ဝန်ကြီးဟောင်းတစ်ဦး၏ ပြောကြားသံထွက်လာသည်။

ယနေ့အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလွန်းခြင်းနှင့် ထုတ်လုပ်မှု မမြှင့်တင်နိုင်ခြင်းတို့ကြောင့် လက်ရှိအစိုးရစီးပွားရေးလှုံ့ဆော်မှုမှာ အချည်း နှီးသာဖြစ်နေကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ထောက်ပြသည်။
ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြည်သူများဝယ်လိုအားနှင့် စားသုံးနိုင်အား များပြားလာခြင်းကြောင့်မဟုတ်ဘဲ ကုန်ဈေးနှုန်းများ မြင့်တက်ပြီး ကုန်ကျ စရိတ်များလာခြင်းကြောင့်ဟု လက်တွေ့နယ်ပယ်၏ အသံများကဆိုသည်။ ကုန်ဈေးနှုန်းကလည်း ဆက်လက်၍သာ တက်မြဲတက်နေကြောင်း အိမ်ရှင်မ များ၏ ညည်းသံကိုလည်း ကြားရသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ လက်ရှိ တာဝန်ရှိသူတို့အတွက် ပုံရိပ်က မှေးမှိန်ပါသည်။ အခွန်တိုးကောက်ခြင်းက လည်း ပြည်သူကိုဝန်ပိစေခြင်းမျှသာဖြစ်ပြီး ခုတ်ရာတခြား၊ ရှရာတခြား အနာ နှင့်ဆေး မတည့်ဖြစ်နေပြီး ပြည်သူကိုသာ ဆင်းရဲတွင်း ပိုနက်စေခဲ့သည်။
ယနေ့လူ့စွမ်းအားနှင့် ပညာရေး၏ အသီးအပွင့်များလည်း ပျောက်ဆုံး နေသလောက်ဖြစ်ပြီဟုလည်း ပြောကြသည်။
ပြည်သူ့အစိုးရလက်ထက်တွင် ပြည်သူတို့၏ဘဝအခြေအနေမှာ ပိုင်ဆိုင်မှု မည်မည်ရရမရှိဘဲ နိုင်ငံ၏စီးပွားရေးမပြေလည်မှုဒဏ်နှင့်ငွေကြေးဖောင်းပွမှု ဒဏ်ကိုသာ ပြားနေအောင် အဖိခံထားရသဖြင့် ယင်းအခြေအနေများမှ ပြည်သူ့ ဘဝ၊ အခြေခံလူတန်းစားတို့၏ ဘဝလွတ်မြောက်ရန် ပြည်သူတစ်ရပ်လုံးကို ခြုံသည့် အမျိုးသားအကျိုးစီးပွားက အလွန်အရေးတကြီး လိုအပ်နေပြီဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။
UN
UN