images
UN
အပြောနှင့်အလုပ်
| Saturday, 30 November 2019
၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် စံ ငါးခုဖြစ်သောလွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒတစ်ထပ်တည်းကျအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးကိုယ်တိုင်က နိုင်ငံရေးပါတီများသို့ ပြောကြားခဲ့သည်ဟု ပုံနှိပ်မီဒီယာစာမျက်နှာများတွင် ဖော်ပြထားသည်ကို ဖတ်ရှုမိသည်။
'နိုင်ငံရေးပါတီတွေ ဘာမှမစိုးရိမ်ပါနဲ့'ဟု ရွေးကောက်ပွဲကော်မရှင်က ပြော ကြောင်းကိုလည်း ဖော်ပြထားသည်။ အဆိုပါရွေးကောက်ပွဲကော်မရှင်၏ ပြောကြား ချက်များသည်IFES နှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၂ဝက သဘောထား ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သည့်အပေါ် နိုဝင်ဘာ ၁၄ရက်က နိုင်ငံရေးပါတီအားလုံး ကို နေပြည်တော်ရုံးချုပ်သို့ ခေါ်ယူတွေ့ဆုံသည့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့နောက် နိုင်ငံရေးပါတီများနှင့် ကော်မရှင်အဖွဲ့ဝင်များတွေ့ဆုံပွဲတွင် တစ်ဖက်နှင့် တစ်ဖက် ကျေနပ်နှစ်သက်မှု အသွင်ဆောင်သွားခဲ့ပြီးလည်း ဖြစ်သည်။ သို့သော် ထိုသို့ပြောကြားခဲ့သည့်နောက်တွင် နိုင်ငံရေးပါတီများသို့ သတိပေးစာထွက်ခဲ့သည် ကို တွေ့မြင်ရသည်။ မည်သို့နားလည်ရမည်မှန်းမသိ အတွေးခက်စွာဖြင့် အပြောနှင့် အလုပ်မကိုက်ညီမှုကို လှစ်ခနဲတွေ့မြင်ခဲ့ရသည်။ ၄င်းတို့ပြောသည့် စံငါးချက် အပေါ် စိုးရိမ်မှုများ ဖြစ်လာခဲ့ရသည်။
ဒီမိုကရေစီ ပထမသက်တမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရခဲ့သည့်ကာလ ဖွဲ့စည်းတာဝန်ပေးခဲ့သော ရွေးကောက်ပွဲကော်မရှင်သည် ပါတီကိုမကြည့်ဘဲ ဥပဒေကိုသာကြည့်၍ တရားမျှတစွာ လုပ်ဆောင်ခဲ့သည်ကို သမိုင်းစာမျက်နှာများက သက်သေပြလျက်ရှိသည်။
ထိုစဉ်က ၂ဝ၁ဝ အထွေထွေရွေးကောက်ပွဲ ကန့်ကွက်လွှာ ၂၉ မှုရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားမှု ၂၆ မှုနှင့် အခြားပါတီက ပြည်ခိုင်ဖြိုးပါတီကို တိုင်ကြားမှုသုံးမှုရှိခဲ့ရာ ပထမ ၂၆ မှုတွင် ၂ဝမှုနှင့် ဒုတိယ သုံးမှုတွင် တစ်မှု စုစုပေါင်း ၂၉ မှုတွင် ၂၁ မှု ပြည်ခိုင်ဖြိုးပါတီရှုံးနိမ့်ခဲ့သည်ကို မှတ်တမ်းများတွင် တွေ့မြင်ရသည်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားခဲ့သည့် လေးမှုစလုံး ပြည်ခိုင်ဖြိုးပါတီ ရှုံးနိမ့်ခဲ့သည်။ ပါတီကိုမကြည့် ဥပဒေကိုသာကြည့်ကာ မှန်ကန်စွာ အဆုံးအဖြတ်ပြုခဲ့သည်။ ကန့်ကွက်လွှာများ အပေါ် ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စာအုပ်များ ထုတ်ဝေခဲ့သည်ကိုလည်းတွေ့မြင်ရသည်။ ပြည်ခိုင်ဖြိုးပါတီအစိုးရသက်တမ်း ကာလ ရွေးကောက်ပွဲကော်မရှင်သည် သမိုင်းလှခဲ့သည်။


ယနေ့အာဏာရပါတီ အစိုးရသက်တမ်းကာလ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော ရွေးကောက်ပွဲကော်မရှင် တာဝန်ယူသည့်အချိန်မှစ၍ ၂ဝ၁၅ရွေးကောက်ပွဲ၌ ကန့်ကွက်လွှာ ၄၅ခုရှိရာတွင် ပြည်ခိုင်ဖြိုးပါတီက ၂၃ ခုပါဝင်ခဲ့ရာ အားလုံး ရှုံးနိမ့်ခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက တိုင်ကြားမှုရှစ်မှုတွင် ငါးမှုရှုံးခဲ့သည်။ ၂ဝ၁၇ တွင် ပြည်ခိုင်ဖြိုးက NLD ပါတီကို တိုင်ကြားမှု ငါးမှုနှင့် NLD ပါတီက ပြည်ခိုင်ဖြိုးကိုတိုင်ကြားမှု တစ်မှု စုစုပေါင်း ခြောက်မှုရှိခဲ့ရာ ပြည်ခိုင်ဖြိုးပါတီက အားလုံးရှုံးနိမ့်ခဲ့သည်။ ၂ဝ၁၈ တွင်NLD က ပြည်ခိုင်ဖြိုးနှင့်SNLD တို့ကို တိုင်ကြားမှု နှစ်မှုလုံးတွင် အနိုင်ရရှိသွားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် လက်ရှိ ဒုတိယဒီမိုကရေစီသက်တမ်း ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်မှုများသည် စံငါးချက်နှင့်ကိုက်ညီမှုရှိမရှိ သို့မဟုတ် တရားမျှတမှုရှိမရှိဆိုသည်ကို စိတ်ကူးတွင် အထင်းသားတွေ့မြင်ရမည် ဖြစ်ပါသည်။
နိုင်ငံရေးပါတီများအနေဖြင့် အစိုးရသတင်းစာThe New Light of Myanmar တွင် စက်တင်ဘာလ ၁၇ရက် တစ်ရက်တည်းသာ ခေါ်ယူခဲ့သော တင်ဒါကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ နိုင်ငံတကာရွေးကောက် ပွဲများတွင် နည်းပညာဖြင့် အကူအညီပေးနေသည့်IFES အဖွဲ့နှင့်ဆက်စပ်နေ ခြင်း၊ အဆိုပါIFES အဖွဲ့၏ အတိတ်သမိုင်း လေ့လာကြည့်သောအခါ ယုံကြည်စိတ် ချဖွယ်ရာမရှိခြင်း စသည့်အချက်များကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို လိုလားသော နိုင်ငံရေးပါတီများက သံသယဝင်ခြင်း၊ စိုးရိမ်ခြင်း၊ ယုံကြည်မှု မရှိခြင်းတို့မှာ အဆိုး ဆိုသာမည်မဟုတ်ပါ။
ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည်။ မိမိအလိုဆန္ဒရှိရာကို နည်း ပညာဖြင့် အကောင်အထည်ဖော်နိုင်သည့် အနေအထားဖြစ်ရာ ရွေးကောက်ပွဲ ကော်မရှင်သည် ပြည်သူအကျိုးစီးပွားကို ဦးထိပ်ထားကာ လုပ်ဆောင်မှုတိုင်းကို ဥပဒေကိုသာကြည့်၍ တရားမျှတစွာ အပြောနှင့်အလုပ်ညီညွတ်စွာ လုပ်ဆောင် သင့်ပါကြောင်း ရေးသားအပ်ပါသည်။
UN
UN