images
UN
၂ဝ၁၆နိဂုံးမှသည် . . .၂ဝ၁၇
| Thursday, 05 January 2017
၂ဝ၁၇မှာ စစ်မက်ဖြစ်ပွားမည်။ ကမ္ဘာနှင့်အဝန်းနှင့်မြန်မာပြည်အပါအဝင် လူသားများ ဒုက္ခရောက်မည်ဟု ရှေးဖြစ်ဟောသူများကဟောကြသည်။ လက်ရှိ ၂ဝ၁၇ အဝင်မှာလည်း မီးရှူး၊မီးပန်းများ နှစ်ဦးမင်္ဂလာစကားများဖြင့် ထုံမွှမ်းထားသော်လည်း ဒေါ်လာဈေး၊ မြန်မာငွေကြေး၊ ကန်စွန်းရွက်၊ ဘဲဥ၊ကြက်ဥ၊ ဘတ်စ်ကားကျပ်ကျပ်၊ အသက်ရှူကျပ်မှုများ အကြမ်းဖက်ကိစ္စများက ပုံနှိပ်ထင်နေသည်။ အကောင်း မြင်နှင့် ကြည့်သော်လည်း အဆိုးကခါးခါးသီးသီးကြီးပေါ်နေသည်။ ၂ဝ၁၆ကို ပြန် လည်စောင်းငဲ့ကြည့်လျှင် ဦးသိန်းစိန်အစိုးရက အမြော်အမြင်ကြီးစွာဖြင့် အာဏာကို ချောမွေ့စွာ လွှဲပြောင်းပေးခဲ့သည်။ ကမ္ဘာ့နိုင်ငံအားလုံး အံ့သြချီးကျူးကြသည်။ အရေး ကြီးတွေ့ဆုံမှုများရှိခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သုံးကြိမ်တွေ့ဆုံခဲ့သည်။ အပြုံး ကိုယ်စီဖြင့် ဓာတ်ပုံတွင်မြင်ရသည်။ ထို့နောက် အစိုးရသစ်ဖွဲ့စည်းသည်။ မိမိပါတီမှ လူကိုသာ ခန့်အပ်မည်ဆိုသောမူဟောင်းကို ဖောက်ထွက်၍ စည်းရုံးရေးအား အသာ စီးရရန် တပ်မတော်အရာရှိကြီးဟောင်းများလည်း အစိုးရအဖွဲ့ထဲပါလာသည်။ သဘော ထား ပျော့ပျောင်းကျယ်ပြန့်လာခြင်းဟုလည်း တွက်ဆလို့ရသည်။ နိုင်ငံရေး၌ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူမရှိဟူသော အယူအဆပေါ်ထွက်လာသည်။ ထာဝရ အကျိုးစီးပွားသာရှိသည်ဟူလို့ ကမ္ဘာ့ဒီမိုကရေစီအဦးအစ အချိန်များကတည်းက ရှိခဲ့ပြီးသောအယူအဆကို လက်တွေ့ကျင့်သုံးသည်။ ¤င်းသည်ဆာဝန်စတန်ချာချီ၏ ကြွေးကြော်သံဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ရုရှားကွန်မြူနစ်ခေါင်းဆောင် စတာလင်နှင့် မဟာမိတ်ဖွဲ့သည်။ ဟစ်တလာတည်းဟူသော ကမ္ဘာ့ဘုံရန်သူကို တိုက်ရန်ဖြစ်သည်။ ၂ဝ၁၆ ဧပြီ ၁၈ရက် (မြန်မာနှစ်ဆန်း ၂ရက်နေ့)တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှ တိုင်းပြည်သို့ 'နှစ်သစ်ကူးမိန့်ခွန်း'ပြောကြားခဲ့သည်။ ၄င်း၏ ပါတီအာဏာရပြီး ပထမဆုံးပြောသော ပေါ်လစီမိန့်ခွန်း။ အဆိုပါမိန့်ခွန်းတွင် ¤င်းက ဦးစားပေးလုပ်ငန်း ကြီးငါးရပ်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အခြေခံဥပဒေပြင်ဆင် ရေးနှင့် ဒီမို ကရေစီစနစ် ရှင်သန်အမြစ်တွယ်ရေးတို့ဖြစ်သည်။ အဆိုပါဦးစားပေး လုပ်ငန်းများထဲတွင် 'အမျိုးသားပြန်လည်သင့်မြတ်ရေး'မှာ အရေးကြီးဟု ¤င်းကဆို ခဲ့ပါသည်။
နိုင်ငံတော်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုသို့ပြောကြားလိုက်သော် ငြား ဒုတိယအကြိမ်လွှတ်တော်များ စတင်ကျင်းပသည့်နေ့မှစ၍ ယနေ့လက်ရှိအချိန်ထိ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လွှတ်တော်မှ လေးလေးစားစား တွန်းအားပေးမှုမရှိခဲ့ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ ယခုအချိန်အထိ လွှတ်တော်များ၏ဆောင်ရွက်ချက်များအား သိပ်ပြီးထူးထူး ခြားခြား ဘာမှတွေ့မြင်ရခြင်းမရှိဘဲ အားမလိုအားမရဖြစ်နေရသည်ဟုလည်းဆက်လက် ပြောကြားသည်။
'ကျွန်တော်တို့ အရမ်းကိုမျှော်လင့်ခဲ့သည်။ ဒါပေမည့် မျှော်လင့်သည့်အတိုင်း ဖြစ်မလာ ဘူး။ မျှော်လင့်သည့်သူကပဲ မှားတာလားမသိဘူး'ဟုလည်း ဝေဖန်သည်။ ပြည်သူ့ လွှတ်တော် (ဒုတိယအကြိမ်)သည် (ပထမအကြိမ်)လွှတ်တော်ထက် အေးစက်စက်နိုင်သည် နွေးထွေးမှုမရှိဟုပြောကြသည်။ လွှတ်တော်သို့ မေးခွန်းလာ ရောက်ဖြေဆို သော ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များကိုယ်၌က ပေါ့ပေါ့တန်တန် ဖြေဆိုသွားသည်ကများသည်ဟု ထောက်ပြသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အမတ်များအား မကြာခဏ သတိပေးမှုများလုပ်နေပြီး မေးခွန်းများမေးရာတွင်လည်း နိဂုံးချုပ်ပါ နိဂုံးချုပ်ပါဟု မကြာခဏသတိပေးနေသည်ကို ရုပ်သံမြင်ကွင်းတွင် မြင်တွေ့ခဲ့ရသည်။ နိုင်ငံခြား သတင်းဌာနတစ်ခုမှ မြန်မာကဗျာဆရာ မီဒီယာသမား တစ်ဦးက'မိဒွေး၏ဆူပူမှုခံရသကဲ့သို့ဖြစ်နေသော လွှတ်တော်အမတ်များ'ဟု သုံးသပ် သည်။ ယင်းအခြေအနေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက 'မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေး၏ အနုတ်လက္ခဏာပဲ'ဟုဆိုလိုက်သည်ကို ထပ်မံ ကြားသိရသည်။
စီးပွားရေးမှာလည်း ၂ဝ၁၆အတွင်း စံချိန်တင်ငွေကြေးဖောင်းပွမှုသည် လူထုကို တိုက်ရိုက်ထိခိုက်မှုဖြစ်စေခဲ့သည့် ကုန်သွယ်ကဏ္ဍ၌လည်း ဒေါ်လာ ၃၄၃သန်းခန့် လျော့ကျသွားသည်။ ယခင်နှစ်နှင့် အနီးကပ်နှိုင်းယှဉ်ချက်ဖြစ်သည်။ ကျပ်ငွေတန်ဖိုး ကလည်းကျသည်။ ကောင်းသောစီးပွားရေးမူဝါဒ လက်တွေ့များကို ပြည်သူတို့ ငံ့လင့်ရှိနေသည်။
ကိုးလသား၁ဝလသား အစိုးရကိုတစ်ဖက်သတ်စွပ်စွဲ အပြစ်တင်ပွဲပြုလုပ်ခြင်း မဟုတ်ပါ။ သို့သော် အစိုးရသည် တာဝန်အရှိဆုံးအဖွဲ့အစည်းဖြစ်သည်။ စံပြပြုမူ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ပြီး မှန်ကန်စွာကြိုးစားရိုးသား နိုးကြားမှုမှ ယောနိသော မနသီကာရ အောင်မြင်မှုရမည်ဖြစ်ပါကြောင်း တွေ့မြင်ကြားသိရသမျှ တင်ပြရေးသား လိုက်ပါသည်။
UN
UN